Skip to main content
King County logo

(ကျန်းမာသော ၀ါရှင်တန်) Healthy Washington- ပြန်လည်ကျန်းမာမှုအတွက် လမ်းပြမြေပုံ - ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၅ ရက် နောက်ဆုံး အခြေအနေ။

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၅ရက်နေ ့တွင် ပြည်နယ်အုပ်ချုပ်ရေးမှူး အင်စလီမှ လက်ရှိယာယီကန် ့သတ်မှုများ ဇန်နဝါရီ ၁၁ ရက်၌ ပြီးဆုံးသည့်အခါ ပြည်နယ်ကို ပြန်လည်ဖွင့်လစ်မည့် ရှေ ့ဆက်ရန်လမ်းကြောင်း အသစ်ကို ကြေညာခဲ့သည်။ အဆိုပါလမ်းကြောင်းအသစ်ဖြစ်သော Healthy Washington- ပြန်လည် ကျန်းမာမှုအတွက် လမ်းပြမြေပုံအရ ကင်းကောင်တီအပါအဝင် ပြည်နယ်တွင်းရှိ နေရာဒေသအနှ့ံ ဇန်နဝါရီ ၁၁ ရက်နေ ့တွင် Healthy Washington ၏ အဆင့် ၁ သို ့စတင်ဝင်ရောက်ပါမည်။ အဆင့်၁ တွင် လက်ရှိကျင့်သုံးနေသော ယာယီကန် ့သတ်ချက်များကို ဆက်လက်လုပ်ဆောင်သွားမည့်အပြင် ထပ်မံပြီးအခြားသော ကျန်းမာရေးကိုယ်လက်လှုပ်ရှားမှု၊ ဖျော်ဖြေရေးနှင့် အားကစားလှုပ်ရှားမှု လုပ်ငန်းများကို လူဦးရေလက်ခံနိုင်စွမ်းအကန် ့အသတ်ဖြင့် ခွင့်ပြုသွားမည်ဖြစ်သည်။

ဤရှေ့ဆက်လမ်းကြောင်းအသစ်သည် တစ်ဘက်တွင် COVID-19 ကို တိုက်ထုတ်ခြင်း၊ အသက်များကို ကယ်တင်ခြင်းနှင့် အခြားတစ်ဘက်တွင် ဘေးအန္တရာယ်ကင်းစွာဖြင့် စီးပွားရေးလုပ်ငန်းများ ပြန်လည် ဖွင့်လှစ်ခြင်းနှင့် တတ်နိုင်သမျှလူများစွာကို ကာကွယ်ဆေးထိုးခြင်းတို့ကို ကျွန်ုပ်တို့အား အညီအမျှ အလေးထား ဆောင်ရွက်စေနိုင်မည် ဖြစ်ပါသည်။

Healthy Washington အစီအစဉ်၏အဆင့် ၂ သို ့ရွှေ ့ပြောင်းပြီး စီးပွားရေးလုပ်ငန်းများ ပိုမိုဖွင့်လှစ်ရန််နှင့် လှုပ်ရှားမှုများပိုမိုပြုလုပ်နိုင်ရန် ကျွနု်ပ်တို ့ဒေသသည် ဒေသတွင်း ဆေးရုံ၏ လူနာလက်ခံနိုင်စွမ်းနှင့် ဆေးရုံတင်လူနာဦးရေ၊ ရောဂါဖြစ်ပွားမှုနှုန်းထားများနှင့် စမ်းသပ်စစ်ဆေး၍ ပိုးတွေ့မှုများတို့နှင့် ဆက်စပ် နေသည့် တိုင်းတာချက်လေးရပ်နှင့် ကိုက်ညီရန်လိုအပ်သည်။

မြို ့တော်ဝန်၏ ကြေညာချက်ကို အောက်ပါဝက်ဘ်ဆိုက်တွင် အသေးစိတ် ဖတ်ရှုနိုင်ပါသည်။ Read the Governor's announcement here for more details.အစီအစဉ်အသစ်ကို အခြားသော ဘာသာစကားများစွာနှင့် ဖတ်ရှုနိုင်ရန် ကျွနု်ပ်တို ့လောလောဆယ် ဘာသာပြန်လျက်ရှိပါသည်။

နေမကောင်းဖြစ်နေပါသလား၊ COVID-19 အတွက် စစ်ဆေးမှုခံယူပါ။

အကယ်၍ သင်အောက်ပါတို့ မှ တစ်ခုခုကို ခံစားနေရပါက COVID-19 အတွက် စစ်ဆေးမှုခံယူပါ။

  • ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ ကြွက်သားများနာခြင်း၊ လည်ချောင်းနာခြင်း၊ သို့မဟုတ် အရသာပျက်ခြင်း သို့မဟုတ် အနံ့ မရခြင်း။

    သို့မဟုတ်

  • သင်သည် COVID-19 ရောဂါသည်နှင့် အနီးကပ်ထိတွေ့ခဲ့ပါက။

သင်၏ရောဂါလက္ခဏာ မပြင်းထန်သော်လည်း စစ်ဆေးမှု ခံယူသင့်သည်။ စစ်ဆေးမှုခံယူရန် သင့်ဆရာဝန်ကို တောင်းဆိုပါ။ အကယ်၍ သင့်တွင် ဆရာဝန်တစ်ဦး မရှိပါက၊ သို့မဟုတ် သင့်ဆရာဝန်မှ စစ်ဆေးမပေးနိုင်ပါက၊ ကျွန်ုပ်တို့  ကူညီနိုင်ပါသည်။ 206-477-3977 သို့ ( နံနက် ၈ နာရီမှ ည ၇ နာရီအထိ) ဆက်သွယ်နိုင်ပါသည်။ သင်စကားပြန်လိုအပ်သည့် ဘာသာစကား အမည်ကို ပြော၍ စကားပြန် တောင်းဆိုပါ။

မိမိတွင် COVID-19 မရှိကြောင်း မသေချာမချင်း အခြားသူများနှင့် ဝေးဝေးနေပါ။ နေမကောင်းဖြစ်ဖြစ်ချင်း စစ်ဆေးမှု ခံယူခြင်းသည် မိမိ၏မိသားစု၊ မိတ်ဆွေများနှင့် လူမှုအသိုင်းအ၀ိုင်းတို့ကို ကာကွယ်နိုင်ပါသည်။


Link/share our site at www.kingcounty.gov/covid/burmese